Sunday, July 3, 2016

ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ သြဝါဒ

တောမီးသည် သစ်ရွက်ခြောက်ကို
လောင်လွယ်၏။
သစ်ရွက်စိုကို မတတ်နိုင်။
မသူတော်မီးသည် မေတ္တာခန်းသူကို
လောင်လွယ်၏။
မေတ္တာဖျန်းသူကို မတတ်နိုင်။
နံ့သာတုံးသည် မီးရှို့သူကို
မကျွမ်းမချင်း မွှေးစေ၏။
သူတော်ကောင်းသည် ညှဉ်းဆဲသူကိုသော်လည်း
မသေမချင်း အကျိုးဆောင်၏။
အကောင်းသည် အရူးနှင့်ပြိုင်၍
အဝတ်မလစ်ကောင်း
သူတော်ကောင်းသည်
မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း
ကျားကြောက်၍ ပြေးစဉ်
ခွေးဟောင်သည်ကို အရေးမယူရ
ငရဲကြောက်၍ သီလစောင့်စဉ်
မသူတော်ညှင်းသည်ကို အရေးမယူရ
ဒါနပြုသူကိုမှီ၍ ဒါနပါရီပြည့်သည်
မသူတော်ကိုမှီ၍ သည်းခံလျှင်
ခန္တီပါရမီပြည့်သည်။

( ပထမရွှေကျင်ဆရာတော်ဘုရားကြီး )


No comments:

Post a Comment