Wednesday, July 6, 2016
ဆိတ်ဖူးတောင်ဆရာတော်ကြီး၏ သြဝါဒ
🌷 အကောင်းဆုံးနေ့ = ယနေ့
🌷အသိဆုံးပုဂ္ဂိုလ် = မြတ်စွာဘုရား
🌷အကောင်းဆုံးလက်နက် = မေတ္တာ
🌷အသာဆုံးစွမ်းအား = ခန္တီ
🌷မကြီးဆုံးအဟန့်အတား = အကြောက်တရား
🌷အလွယ်ဆုံးအလုပ် = တစ်ဖက်သားကိုအပြစ်ရှာခြင်း
🌷အသုံးမကျဆုံးပိုင်ဆိုင်မှု = မာန
🌷အကြီးဆုံးပိတ်ဆို့မှု = အတ္တ
🌷အကြီးဆုံးအမှား = လက်လျှော့အရှုံးပေးခြင်း
🌷စိတ်ချမ်းသာစရာအကောင်းဆုံး = အလုပ်တစ်ကို အကောင်းဆုံးပြုလုပ်ပြီးချိန်
🌷အဆိုးဆုံးဆင်းရဲမှု = စိတ်မပါ လက်မပါဖြစ်ခြင်း
🌷အမြဲတမ်းအလိုအပ်ဆုံးအရာ = သတိ
🌷အညံ့ဖျင်းဆုံးစိတ်ထား = သူတစ်ပါးကောင်းစားတာကို မနာလိုခြင်း
🌷အကောင်းဆုံးလက်ဆောင် = ခွင့်လွှတ်ခြင်း
🌷အကောင်းဆုံးအချိန် = လက်ရှိအချိန်
🌷အကောင်းဆုံးအရသာ = တရားအရသာ
ဓမ္မ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ
သာယာရွှင်လန်းချမ်းမြေ့ကြပါစေ....
🌷🌷🌷
Sunday, July 3, 2016
ငါးပါးသီလ-English-ပါဠိ-မြန်မာ
ငါးပါးသီလ -English - ပါဠိ- မြန်မာ
ငါးပါးသီလ ( Five Precepts )
( 1 ) I shall abstain from killing.
'' ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ''
သတ္တဝါ၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
( 2 ) I shall abstain from taking what is not given.
''အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ''
သူတစ်ပါး၏ ပစ္စည်းဥစ္စာကို မတရားယူခြင်းမှ ရှောင်ကြဉ်ပါ၏။
( 3 ) I shall abstain from illegal sexual conduct.
'' ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ''
ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏။
( 4 ) I shall abstain from telling lies.
'' မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ''
မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။
( 5 ) I shall abstain from any kind of intoxicant.
'' သူရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ''
မူးယစ်မေ့လျော့စေတတ်သော အရက်သေစာတို့ကို သောက်စားခြင်းမှ ရှောင်ကြဉ်ပါ၏။
( ချမ်းမြေ့ဆရာတော် )
ဘုရား ဘယ်မှာတည်
ဘုရား ဘယ်မှာတည်
***************************************
* မြေစိုက်ဘုရား မြေပေါ်ဘုရား
တည်ထား ကိုးကွယ်ခြင်းသည်
အလွန်ကောင်းပါသည်။
* မိမိ၏ နှလုံးသားမှာ ဘုရားတစ်ဆူ
တည်ပါအုံး ဟု မှာကြားလိုပါသည်။
* နှလုံးသားမှာ ဘုရား တည်သူသာ
ဘုရားသား ဘုရားသမီးဖြစ်၍
ဥပါသကာဘွဲ့၊ ဥပါသကီဘွဲ့ ရရှိပါတော့သည်။
* သို့မှသာ မကြာတော့သော အချိန်၌
စုတိကိစ္စတပ်၍ ပဋိသန္ဓေကိစ္စတပ်သည့်ကာလ
ငရဲပဋိသန္ဓေ လွတ်ပါလိမ့်မည်။
* ထူးခြားချက် တစ်ခုမှာ
နှလုံးသား ဘုရားကို ရွှေချရန် မလိုပါ
သတိရ အောက်မေ့နေဘို့သာလိုပါသည်။
(၁၃၇၅ ခုနှစ်၊ နယုန်လဆန်း ၃ ရက်နေ့
ဝါဆိုဆရာတော်ဘုရားကြီး၏ မှာကြားချက်)
ဓမ္မ မိတ်ဆွေများ ဓမ္မအသိဉာဏ်တိုးပွား၍
ကုသိုလ်များပွားများ ရရှိပါစေခြင်းအလို့ငှါ
ရေးသားတင်ပြ အပ်ပါသည်။
ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ သြဝါဒ
တောမီးသည် သစ်ရွက်ခြောက်ကို
လောင်လွယ်၏။
သစ်ရွက်စိုကို မတတ်နိုင်။
မသူတော်မီးသည် မေတ္တာခန်းသူကို
လောင်လွယ်၏။
မေတ္တာဖျန်းသူကို မတတ်နိုင်။
နံ့သာတုံးသည် မီးရှို့သူကို
မကျွမ်းမချင်း မွှေးစေ၏။
သူတော်ကောင်းသည် ညှဉ်းဆဲသူကိုသော်လည်း
မသေမချင်း အကျိုးဆောင်၏။
အကောင်းသည် အရူးနှင့်ပြိုင်၍
အဝတ်မလစ်ကောင်း
သူတော်ကောင်းသည်
မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း
ကျားကြောက်၍ ပြေးစဉ်
ခွေးဟောင်သည်ကို အရေးမယူရ
ငရဲကြောက်၍ သီလစောင့်စဉ်
မသူတော်ညှင်းသည်ကို အရေးမယူရ
ဒါနပြုသူကိုမှီ၍ ဒါနပါရီပြည့်သည်
မသူတော်ကိုမှီ၍ သည်းခံလျှင်
ခန္တီပါရမီပြည့်သည်။
( ပထမရွှေကျင်ဆရာတော်ဘုရားကြီး )
Saturday, July 2, 2016
ဓမ္မ မိတ်ဆွေများအားလုံးကို မင်္ဂလာပါ
ဓမ္မမိတ်ဆွေများအားလုံးကို မင်္ဂလာပါ။
ဓမ္မမိတ်ဆွေများအားလုံး မင်္ဂလာအပေါင်းနဲ့ အစဉ်ထာဝရ ခညောင်းပြည့်ဝကြပါစေ…။
စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့လည်း
ပြည့်စုံကြပါစေ…။